+၉၅ ၉ ၂၅၀ ၃၀၀ ၄၂၄၊ +၉၅ ၁ ၃၇၃ ၇၁၅
  • English
  • ဗမာစာ

ရန်ကုန် - ဟနွိုင်း

ခရီးစဉ် နံပါတ်

GWM1507IN06

ခရီးစဉ် ကြာချိန်

၃ ညအိပ် - ၄ ရက်ခရီးစဉ်

အမျိုးအစား

ပြည်ပခရီးစဉ်များ

ခရီးစဉ်အသေးစိတ်

Day 1

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ ဗီယက်နမ် လေ ကြောင်း ခရီးစဉ် ဖြင့် ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပျံသန်း ရောက်ရှိမည် ဖြစ်ပါသည်။ Noi Bai လေ ဆိပ်တွင် ဒေသဆိုင်ရာ ဧည်လမ်းညွှန်မှ လာရောက် ကြိုဆို ပြီးဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက် အနား ယူမည် ဖြစ်ပါသည်။

Day 2

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး သာယာလှပသော Ninh Binh မြို့သို့ ခရီးဆက်ပါမည်။ ဗီယက်နမ် နိုင်ငံရှိ အကြီးဆုံး ဗုဒ္ဓ ဆင်းတုတော် ဖြစ်ပြီး အမြင့် ၁၀ မီတာ၊ အလေးချိန် တန်၁၀၀ ရှိ သော Bai Dinh ဘုရားသို့ သွားရောက် ဖူးမြော် လည်ပတ်ပြီး နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ထို့နောက် Tourist Attraction တစ်ခုဖြစ်သော Trang An တွင် လှေငယ် လေးများဖြင့် Sang cave , Toi cave , Ba Giot cave နှင့် Nau Ruou အစရှိသည့် လှပသော လှိုင်ဂူငယ်လေးများသို့ သွား ရောက် လည်ပတ်ရင်း တောတောင် သဘာဝရှုခင်းများကို ကြည့်ရှု ခံစား မည်ဖြစ်ပါသည်။ ထို့နောက် ယူနက်စကို၏ ကမ္ဘာ့အမွေ အနှစ်နေ ရာတစ်ခု အဖြစ် သတ်မှတ်ခြင်းခံရသော ဟာလောင်း ပင်လယ် အော်သို့ ဆက်လက်ထွက်ခွါပါမည်။ ညစာကို ဟာလောင်မြို့ရှိ ဒေသဆိုင်ရာ စားသောက်ဆိုင် တွင် အရသာရှိစွာ သုံးဆောင်ပြီး ဟိုတယ် သို့ Check In ၀င်ရောက်ကာ ထိုတစ်ညတာအတွက် အေးချမ်းစွာအိပ်စက် အနားယူမည်ဖြစ်ပါသည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီး ဟာလောင်း ပင်လယ် အော် အတွင်းသို့ လှည့်လည်ကြည့်ရှုရန် ဆိပ်ကမ်းသို့ ပို့ဆောင် ပေးပါ မည်။ လှပသော Bai Tu Long Bay ရှိထုံး ကျောက်တောင် များ တစ်လျှောက် ခုတ်မောင်း သွားလာပြီး ကျောက်စက်ပန်းဆွဲများဖြင့် လှပသော လှိုင်ဂူအတွင်း သို့ ၀င်ရောက် လေ့လာပါမည်။ ဟာ လောင်းပင်လယ်အော်မှ ဟနွိုင်းမြို့ ဆိပ်ကမ်းသို့ ပြန်လည် ခုတ် မောင်းလာပြီး အေးချမ်းသော ပင်လယ်အော် အတွင်းမှ နဂါးကြီး တစ်ကောင် ထိုးထွက် နေသယောင်ထုံး ကျောက်တောင်များဖြင့် လှပလွန်းသော ပင်လယ်နောက်ခံ ဖြင့် အမှတ်တရ ဓါတ်ပုံကူး နိုင် ပါသည်။ သဘောင်္ ပေါ်တွင် နေ့လည်စာ သုံးဆောင်ပြီးပါက ဆိပ် ကမ်းသို့ ပြန် လည် ရောက်ရှိမည်ဖြစ်ပါသည်။ ထို့နောက် ဟနွိုင်းမြို့ သို့ ကားဖြင့် ပြန်လည် ထွက်ခွာလာပြီး နောက် ညစာကိုစား သောက် ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ Check-in ၀င်ရောက် ကာ တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူ မည် ဖြစ်ပါသည်။

Day 4

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Ba Dinh သို့ ကားဖြင့် သွားပါမည်။ Ba Dinh ရင်ပြင်သည် ဗီယက်နမ် လူမျိုးတို့၏ နိုင်ငံ့ ခေါင်းဆောင် ဟိုချီမင်းမှ လွတ်လပ်ရေး ကြေငြာစာတမ်း ဖတ်ကြား ခဲ့သောနေရာဖြစ်ပြီး ဟိုချီမင်းအထိန်းအမှတ် အုတ်ဂူကို လည်းလေ့ လာ နိုင်ပါသည်။ ထို့နောက် တိုင်တစ်လုံး ဘုရား ကျောင်းတော် (One Pillar pagoda)၊ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ် ဖြစ် သော စာပေဘုရားကျောင်း ( Temple of literature)၊ ကျောက်စိမ်းတောင် ဘုရားကျောင်း (Ngoc Son temple) နှင့် Tran Quoc ဘုရားကျောင်းဆောင် တို့ကို သွားရောက် လည်ပတ် ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကူး ကြ ပါမည်။ ထို့ နောက် နေ့လည်စာ ကို Local Restaurant တွင် သုံး ဆောင် ပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် ဟနွိုင်းမြို့ Noi Bai လေဆိပ် သို့ပို့ ဆောင် ပေးမည် ဖြစ်ပြီး ဗီယက်နမ်လေကြောင်း ခရီးစဉ် ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

Inbound Tours

Outbound Tours