ခရီးစဉ်အသေးစိတ်
နံနက်စောတွင် စစ်ကိုင်းသို့ရောက်ရှိပြီး နံနက်စာသုံးဆောင်မည်။ ဥမင်ကိုးဆယ်ဘုရား၊ ဆွမ်းဦးပုညရှင်ဘုရား၊ ကောင်းမှုတော်ဘုရာတို့ကို ဖူးမြော်ကြမည်။ ထိုနောက် မုံရွာသို့ခရီးဆက်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မုံရွာမြို့ရှိ ဟိုတယ်တွင် Check-In၀င်ပြီး အနားယူမည်။ ညနေပိုင်းတွင် ဗောတိတစ်ထောင်ရုပ်ပွားတော်မြတ်ကြီးနှင့် မိုးညှင်းသမ္ဗုဒ္ဓေဘုရားတို့ကို ဖူးမြော်ကြမည်။ ညစာဖြင့်ဧည့်ခံပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မန္တလေးသို့ပြန်လည်ထွက်ခွာလာပါမည်။ မန္တလေးတောင်၊ ရွှေကျောင်း၊ ကုသိုလ်တော်ဘုရားတို့ကို ဖူးမြော်ကြပြီးနေ့လည်စာသုံးဆောင်ပါမည်။ မန္တလေးမြို့ရှိ ဟိုတယ်တွင် CheckIn၀င်ပြီး ခေတ္တအနားယူမည်။ ညနေပိုင်းတွင် တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ လည်ပတ်မည်။ ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီး အေးချမ်းစွာအိပ်စက်အနားယူပါမည်။
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ပြင်ဦးလွင်သို့ခရီးဆက်မည်။ မဟာအံ့ထူးကံသာဘုရားကြီး၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင်၊ မဟာနန္ဒမူလှိုဏ်ဂူတော်တို့ကို ပို့ဆောင်ပေးမည်။ ပြင်ဦးလွင်တွင် နေ့လည်စာသုံးဆောင်ပြီး တရုတ်ဘုံကျောင်းနှင့် အမျိုးသားကန်တော်ကြီးဥယျဉ်တို့ကိုလည်ပတ်မည်။ ဟိုတယ်တွင်ညစာသုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာပါမည်။