Yangon - Cambodia - Vietnam

Tour Code

GWM1606IN03

Tour Duration

5 Days - 4 Nights

Tour Type

Outbound Tours,

Tour Detail

Day 1

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက်အစောပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီရမ်ရိမြို့သို့စတင်ထွက်ခွာပါမည်။ စီရမ်ရိမြို့ တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှနွေးထွေးစွာကြိုဆိုပြီး ဟိုတယ် သို့ပိုဆောင်ပေးပါမည်။ ဟိုတယ်တွင်ခေတ္တ အနားယူပီး နောက် ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်း ကြီးသို့ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Old Market အနီးတစ်ဝိုက်တွင် ညစာသုံးဆောင်ကြပါမည်။ ထို့နောက် Night Pub Street နှင့် Night Market သို့ဈေးဝယ်ထွက်ကြပြီး စီရမ်ရိ ရှိ ဟိုတယ်သို့ ပြန် လည်အိပ်စက်အနားယူကြပါမည်။

Day 2

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Angkor Thom, Terrace of the Leper King , Terrace of Elephants , Baphuon,Bayon သို့လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ညနေပိုင်းအချိန်တွင် ထိုး ထွက်နေသော သစ်ပင်အမြစ်များဖြင့် အလွန်ထူးခြားလှသော Ta Prohm Temple ကမ္ဘာအကြီးဆုံး ဘာသာရေး အဆောက်အဦး တစ်ခုဖြစ်သည့် Ankor Wat , သို့သွားရောက်ပြီးနောက် Bakheng Mountain အပေါ်တွင်နေ၀င်ဆည်းဆာ အလှကိုကြည့်ရှူကြပါ မည်။ ညစာကို Local Restaurant တွင် Apsara Dance Show ကြည့်ရှူရင်း သုံးဆောင်ကြပါမည်။ ထိုညကိုဟိုတယ်တွင် အေးချမ်း စွာ အိပ်စက်အနားယူပါမည်။

Day 3

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိ လေဆိပ်မှ လေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့သို့ ထွက်ခွာပါမည်။ ဟိုချီမင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက် ကြိုဆိုပြီး ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် ခေတ္တအနားယူပြီးနောက် ဟိုချီမင်းမြို့၏ အထင်ကရ နေရာများဖြစ်သော The War Remnants Museum , The Reunification Palace , Old Sai Gon Post Office နှင့် Notre Dame Cathedral နေရာဒေသများသို့ သွားရောက် လည်ပတ်ပါ မည်။ ထို့နောက် ဆိုင်မွန်မြစ် ပေါ်ရှိ ရေပေါ်စားတော်ဆက် တွင် ညစာသုံး ဆောင်ရင်း တေးဂီတ နှင့် မီးအလှကပွဲများကို စီးမျော ခံစားနိုင်မည် ဖြစ်ပါသည်။ ညစာစားရင်း ဟိုချီမင်းမြို့၏ အလှကို ခံစားပါမည်။ ထိုညကို ဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနား ယူပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မိုင်သိုမြို့သို့ မော် တော်ဘုတ်စီး၍ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတစ် လျောက်တွင် Coconut Candy ပြုလုပ်သောစက်ရုံများ၊ ပျားမွေးမြူ ရေးများကို ကြည့်ရှူခံစားကာ ပျားရည်နှင့်သစ်သီး များကို သုံး ဆောင်နိုင်ပါသည်။ ထို့နောက် မဲ့ခေါင်မြစ်ရိုးရှိ Phoenix Island သို့ သွားရောက်၍ အုန်းသီးပင်မှ အသားနှင့်ပြုလုပ် သော လက်မှု ပစ္စည်း အလုပ်ရုံ များသို့ သွားရောက်လည်ပတ်ပါမည်။ Vinh Trang Pagoda သို့သွားရောက် လည်ပတ်ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် ဟိုချီမင်းမြို့တော်သို့ ပြန်လာပြီး တရုတ်တန်း ၊ Thein Hau Temple ၊ လက်မှုလုပ်ငန်း နှင့် ယွန်း ထည် စက်ရုံသို့ သွားရောက်လေ့လာပါမည်။ ထိုမှတစ်ဆင့် မြို့ တော်ခန်းမ The Opera House တို့ကိုဆက်လက်လေ့လာ ပါမည်။ ထို့နောက် ဟိုချီမင်းမြို့ရှိဟိုတယ်သို့ ပြန်၍ အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီး ရန်ကုန်သို့ မပြန်ခင် အချိန် Free Time အနေဖြင့် မိမိ တို့ စိတ်ကြိုက်လွတ်လပ်စွာ ဈေးဝယ် ထွက်ရင်းလည်ပတ်သွား လာနိုင်ပါမည်။ ထို့နောက် ဟိုချီမ်းမြို့ Tan Son Noat International Airport မှလေယာဉ်ဖြင့် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို စိတ်ပျော် ရွင်ချမ်းမြေ့စွာဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။