Yangon - Bangkok - Cambodia - Vietnam - Yangon

Tour Code

GWM1606IN01

Tour Duration

8 Days - 7 Nights

Tour Type

Outbound Tours,

Tour Detail

Day 1

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပါမည်။ ဘန်ကောက် မြို့တွင်ဒေသဆိုင်ရာဧည့်လမ်းညွှန်မှနွေးထွေးစွာကြိုဆိုပြီးဟိုတယ် သို့ပိုဆောင်ပေးပါမည်။ ဟိုတယ်တွင်ခေတ္တ အနားယူပီး နောက် နာမည်ကျော် ဈေးဝယ်စင်တာ ဖြစ်သော MBK နှင့် Platinum Shopping Center သို့ ပို့ဆောင် ပေးမည်ဖြစ်ပါ သည်။ မိမိတို့ စိတ်ကြိုက်ဈေးဝယ်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ် စက်အနားယူပါမည်။

Day 2

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုး ကြီးဘုရားတစ်ဆူဖြစ် သော Emerald Buddah ခေါ် မြဘုရားအား သွားရောက်ဖူးမျှော်ပါ မည်။ လှပခံ့ညားပြီး အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေး မှု ဗိသုကာလက်ရာများဖြင့် တည် ဆောက် ထားသော ထိုင်းဘုရင့် နန်းတော်သို့သွား ရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူး နိုင်ပါသည်။ ထို့နောက် Safari Worldသို့ သွားရောက်ကြပါမည်။ Safari Worldတွင် နေ့လည် စာသုံးဆောင်ပြီး သဘာဝ အတိုင်းမွေး မြူထားသော တိရိစ္ဆာန် များကို လေ့လာပြီး အစာကျွေးနိုင်ပါသည်။ Safari World အတွင်း ရှိ Show ပွဲများကိုကြည့်ရှုကြပြီး Egg World အတွင်းသို့ ၀င် ရောက်လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်သို့ပို့ ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းမှုများကို အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘောဒီယားနယ်စပ် သို့ Bus ဖြင့်သွား ရောက်ပါမည်။ ထို့နောက် ကမ္ဘောဒီးယား နယ်စပ် တွင် ဧည့် လမ်းညွန်မှ လာရောက်ကြိုဆိုပြီး စီရမ်ရိမြို့သို့သွား ရောက်ပါမည်။ နေ့လည် ၂နာရီ ၀န်းကျင်တွင် စီရမ်ရိမြို့ သို့ ရောက် ရှိပြီး နေ့လည် စာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-In ၀င်ပါမည်။ ညနေခင်း အချိန်တွင် ကမ္ဘာကျော် အန်ကောဝပ် ဘုရား ကျောင်းကြီးသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Old Market အနီးတစ်ဝိုက်တွင် ညစာသုံးဆောင်ကြပါမည်။ ထို့နောက် Night Pub Street နှင့် Night Market သို့ဈေးဝယ်ထွက်ကြပြီး စီရမ်ရိ ရှိ ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Angkor Thom, Terrace of the Leper King , Terrace of Elephants , Baphuon,Bayon သို့လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ညနေပိုင်းအချိန်တွင် ထိုး ထွက်နေသော သစ်ပင်အမြစ်များဖြင့် အလွန်ထူးခြားလှသော Ta Prohm Temple ကမ္ဘာအကြီးဆုံး ဘာသာရေး အဆောက်အဦး တစ်ခုဖြစ်သည့် Ankor Wat , သို့သွားရောက်ပြီးနောက် Bakheng Mountain အပေါ်တွင်နေ၀င်ဆည်းဆာ အလှကိုကြည့်ရှူကြပါ မည်။ ညစာကို Local Restaurant တွင် Apsara Dance Show ကြည့်ရှူရင်း သုံးဆောင်ကြပါမည်။ ထိုညကိုဟိုတယ်တွင် အေးချမ်း စွာ အိပ်စက်အနားယူပါမည်။

Day 5

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Siem Reap မှ Phnom Penh သို့ကားဖြင့် ၆ နာရီကြာ မောင်းနင် ပါမည်။ ညနေ ပိုင်းတွင် တွင် Phnom Penh သို့ရောက်ရှိပြီး ဟိုတယ်သို့ ခေတ္တအနား ယူရန်ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် ခေတ္တအနား ယူပြီး နောက် ၁၈၆၆ တွင် ဆောက်လုပ်ထားသော် တော်ဝင်နန်း တော် နှင့် ငွေအုပ်ချပ်ပေါင်း ၅၀၀၀ ကျော်ဖြင့် ဆောက်လုပ်ထား သော ငွေဘုရားသို့ပို့ဆောင်ပေးပါမည်။ ထို့နောက် စစ်မှန်သော ဗိသုကာကျောက်မြတ်ရတနာ များကို လေ့လာနိုင်သော အမျိုးသား ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ ညနေစာကို Local Restaurant တွင်ဧည့်ခံပြီးနောက် အေးချမ်းစွာ အိပ်စက်အနားယူရန် ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။

Day 6

မနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Phnom Penh မှ ဗီယက်နမ် Ho Chi Min သို့ ၁၂ နာရီကြာမောင်းနင်ပြီး ညပိုင်းတွင် Ho Chi Min သို့ရောက်ရှိပြီး ညနေစာဖြင့်ဧည့်ခံကာ ထိုညကို ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 7

မနက်စာကို ဟိုတယ်တွင်သုံးဆောင် ပြီးနောက် ဟိုချီမင်း၏ အထင် ကရနေရာများ ဖြစ်သော Remnants Museum, The Reunification Palace, Old Sai Gon Post Office နှင့် Notre Dome Catheral နေရာများသို့သွားရောက် လည်ပတ်ပါမည်။ ထို့ နောက် ဆိုင်မွန်မြစ်ပေါ်ရှိ ရေပေါ်စားတော်ဆက်တွင် ညစာသုံး ဆောင်ရင်း တေးဂီတ နှင့် မီးအလှကပွဲများကို စီးမျောခံစားနိုင်မည် ဖြစ်ပါသည်။ ညစာစားရင်း ဟိုချီမင်းမြို့၏ အလှကိုခံစားပါမည်။ ထိုည ကို ဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 8

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မိုင်သိုမြို့သို့ မော် တော်ဘုတ်စီး၍ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတစ် လျောက်တွင် Coconut Candy ပြုလုပ်သောစက်ရုံများ၊ ပျားမွေးမြူ ရေးများကို ကြည့်ရှူခံစားကာ ပျားရည်နှင့်သစ်သီး များကို သုံး ဆောင်နိုင်ပါသည်။ ထို့နောက် မဲ့ခေါင်မြစ်ရိုးရှိ Phoenix Island သို့
သွားရောက်၍ အုန်းသီးပင်မှ အသားနှင့်ပြုလုပ် သော လက်မှု ပစ္စည်း အလုပ်ရုံ များသို့ သွားရောက်လည်ပတ်ပါမည်။ Vinh Trang Pagoda သို့သွားရောက် လည်ပတ်ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် ဟိုချီမင်းမြို့တော်သို့ ပြန်လာပြီး
တရုတ်တန်း ၊ Thein Hau Temple ၊ လက်မှုလုပ်ငန်း နှင့် ယွန်း ထည် စက်ရုံသို့ သွားရောက်လေ့လာပါမည်။ ထိုမှတစ်ဆင့် မြို့ တော်ခန်းမ The Opera House တို့ကိုဆက်လက်လေ့လာ ပါမည်။ ထို့နောက် ဟိုချီမင်းမြို့ရှိဟိုတယ်သို့ ပြန်၍ အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 9

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ရန်ကုန်သို့ မပြန်ခင်အချိန် Free Time အနေဖြင့် မိမိ တို့စိတ်ကြိုက် လွတ်လပ်စွာ ဈေးဝယ် ထွက်ရင်းလည်ပတ်သွား လာနိုင်ပါမည်။ ထို့နောက် ဟိုချီမ်းမြို့ Tan Son Noat International Airport မှလေယာဉ်ဖြင့် ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို စိတ်ပျော် ရွင်ချမ်းမြေ့စွာဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။