Yangon - Bangkok - Cambodia

Tour Code

GWM1606IN02

Tour Duration

5 Days - 4 Nights

Tour Type

Outbound Tours

Tour Detail

Day 1

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပါမည်။ ဘန်ကောက် မြို့တွင်ဒေသဆိုင်ရာဧည့်လမ်းညွှန်မှနွေးထွေးစွာကြိုဆိုပြီးဟိုတယ် သို့ပိုဆောင်ပေးပါမည်။ ဟိုတယ်တွင်ခေတ္တ အနားယူပီး နောက် နာမည်ကျော် ဈေးဝယ်စင်တာ ဖြစ်သော MBK နှင့် Platinum Shopping Center သို့ ပို့ဆောင် ပေးမည်ဖြစ်ပါ သည်။ မိမိတို့ စိတ်ကြိုက်ဈေးဝယ်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ် စက်အနားယူပါမည်။

Day 2

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာပြီး ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ် သော Emerald Buddah ခေါ် မြဘုရားအား သွားရောက်ဖူးမျှော်ပါ မည်။ လှပခံ့ညားပြီး အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေး မှု ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော ထိုင်းဘုရင့်နန်း တော်သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူး နိုင်ပါသည်။ ထို့နောက် Safari Worldသို့ သွားရောက်ကြပါမည်။ Safari Worldတွင် နေ့လည်စာသုံးဆောင်ပြီး သဘာဝ အတိုင်းမွေး မြူထားသော တိရိစ္ဆာန်များကို လေ့လာပြီး အစာကျွေးနိုင်ပါသည်။ Safari World အတွင်းရှိ Show ပွဲများကိုကြည့်ရှုကြပြီး Egg World အတွင်းသို့ဝင်ရောက်လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်သို့ပို့ ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းမှုများကို အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘောဒီယားနယ်စပ် သို့သွား ရောက်ပါမည်။ ထို့နောက် ကမ္ဘောဒီယားနယ်စပ်တွင် ဧည့် လမ်းညွန်မှ လာရောက်ကြိုဆိုပြီး စီရမ်ရိမြို့သို့သွားရောက်ပါမည်။ နေ့လည် ၂နာရီ ၀န်းကျင်တွင် စီရမ်ရိမြို့ သို့ရောက်ရှိပြီး နေ့လည် စာ သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check-In ၀င်ပါမည်။ ညနေခင်း အချိန်တွင် ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်း ကြီးသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် Old Market အနီးတစ်ဝိုက်တွင် ညစာသုံးဆောင်ကြပါမည်။ ထို့နောက် Night Pub Street နှင့် Night Market သို့ဈေးဝယ်ထွက်ကြပြီး စီရမ်ရိ ရှိ ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Angkor Thom, Terrace of the Leper King , Terrace of Elephants , Baphuon,Bayon သို့လည်ပတ်ကြပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ညနေပိုင်းအချိန်တွင် ထိုး ထွက်နေသော သစ်ပင်အမြစ်များဖြင့် အလွန်ထူးခြားလှသော Ta Prohm Temple ကမ္ဘာအကြီးဆုံး ဘာသာရေး အဆောက်အဦး တစ်ခုဖြစ်သည့် Ankor Wat , သို့သွားရောက်ပြီးနောက် Bakheng Mountain အပေါ်တွင်နေ၀င်ဆည်းဆာ အလှကိုကြည့်ရှူကြပါ မည်။ ညစာကို Local Restaurant တွင် Apsara Dance Show ကြည့်ရှူရင်း သုံးဆောင်ကြပါမည်။ ထိုညကိုဟိုတယ်တွင် အေးချမ်း စွာ အိပ်စက်အနားယူပါမည်။

Day 5

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် Tonle Sap Floating Village သို့သွားရောက်လေ့လာလည်ပတ်ပါမည်။ The Tonle Sap Lake, Fed by the mightly menkng နှင့် the tonle Sap River သို့ဆက်လက်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး နောက် ညနေပိုင်း Flight ဖြင့် ရန်ကုန်သို့ပြန်လည်ထွက်ခွာလာပါမည်။ ညပိုင်းတွင် ရန်ကုန်သို့ စိတ်အေးချမ်းသာစွာဖြင့်ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။