Inlay-Taunggyi-Pindaya-Kalaw

Tour Code

GWM1507DO02

Tour Duration

5 Days / 4 Nights

Tour Type

Inbound Tours

Tour Detail

Day 1

ရန်ကုန်မြို့စုရပ်မှ ညနေ၆း၃၀တွင်ကားများ စတင်ထွက်ခွာပါ မည်။ ၁၁၅မိုင်ရှိ Feelစားသောက်ဆိုင်တွင် လ္ဘက်ရည်သောက် ခေတ္တရပ်နားပြီး အောင်ပန်းမြို့သို့ ခရီးဆက်လက်ထွက်ခွါပါမည်။

Day 2

နံနက်စောစောတွင် ဟဲဟိုးမြို့သို့ရောက်ရှိပြီး Heart to Heart Restaurant တွင် နံနက်စာသုံးဆောင်ပါမည်။ ညောင်ရွှေမြို့သို့ ခရီးဆက်ကာ အင်းထဲသို့သွားပါမည်။ အင်းထဲတွင် ဖောင်တော် ဦးဘုရား၊ အလိုတော်ပေါက်ဘုရားနှင့် ငါးဖယ်ကျောင်းတို့ကို ပို့ဆောင်ပေးပါမည်။ နေ့လည်စာကို Golden Moonစားသောက် ဆိုင်တွင်သုံးဆောင်ပါမည်။ ထို့နောက်တောင်ကြီးသို့ ခရီးဆက် ကာ တောင်ကြီးမြို့ရှိ Cherry Queenဟိုတယ်တွင် check-in ၀င်၍ ညစာသုံးဆောင်ပြီး အိပ်စက်အနားယူပါမည်။

Day 3

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး စူဠာမုနိဘုရားနှင့် မွေ တော်ကက္ကူစေတီသို့ သွားရောက်ဖူးမြော်ကြပါမည်။  စိန်တောင် တန်း စားသောက်ဆိုင်တွင် ရှမ်းရိုးရာအစားအစာဖြင့် နေ့လည် စာသုံးဆောင်ကြပါမည်။ ထို့နောက်ထမ်ဆမ်းလှိုဏ်ဂူဘုရားသို့ သွား ရောက်ဖူးမြော်ပါမည်။ ညစာကိုဟိုတယ်တွင် သုံးဆောင်ပြီး အေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး check-out ထွက်မည်။ ပင်းတယမြို့သို့ခရီးဆက်မည်။ ပင်းတယရွှေဥမင်လိုဏ်ဂူဘုရား သို့သွားရောက်ဖူးမြော်ကြမည်။ နေ့လည်စာကို Golden Moon စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် အောင်ပန်းမြို့သို့ခရီးဆက်မည်။ အောင်ပန်းဈေးတွင် ဈေးဝယ်နိုင်ပါသည်။ ထို့နောက် ကလောမြို့သို့ထွက်ခွာပြီး ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားနှင့် နှီးဘုရားတို့ဖူးမြော်ပြီး Pine Hill Resort ဆိုင်တွင် ညစာသုံးဆောင်၍ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပြီး ၁၁၅မိုင်ရှိ Feel စားသောက်ဆိုင်တွင် လ္ဘက်ရည်သောက်ခေတ္တရပ်နားမည်။

Day 5

နံနက်ပိုင်းတွင်ရန်ကုန်သို့ပြန်လည်ရောက်ရှိကာခရီးစဉ်ကို အောင်မြင်ပျော်ရွှင်စွာ အဆုံးသတ်ပါမည်။