Yangon - Bangkok - Pattya - Ayuudaya

Tour Duration

6 Days 5 Nights

Tour Type

Outbound Tours

Tour Detail

Day 1

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော Emerald Buddah ခေါ်မြဘုရားအားသွား ရောက်ဖူးမျှော်ပါမည်။ ထို့နောက် လှပခန့်ညားပြီး အနောက်တိုင်း နှင့် အရှေ့တိုင်းယဉ်ကျေးမှု ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထား သော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီးအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ ထို့နောက် Safari World သို့ သွား ရောက်လည်ပတ်ပါမည်။ Safari World တွင် အပန်းဖြေ ၍ ပျော်ရွင်စွာ ကစားကြရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပြီး နေ့လည်စာ ဖြင့်ဧည့်ခံပါမည်။ ထို့နောက် ပင်လယ်ရေနေသတ္တ၀ါမျိုးစုံ တွေ့မြင်နိုင် သည့် Ocean World သို့ သွားရောက်လေ့လာရင်း အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 2

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် DREAM WORLD သို့ပို့ ဆောင်ပေးပါမည်။ DREAM WORLD တွင် ဧည့်သည်တော် များစိတ်
တိုင်းကျပျော်ရွှင်စွာ ကစားနိုင်ပါသည်။ ထို့နောက် နေ့လည်စာဖြင့်ဧည့် ခံပြီးနောက် ပတ္တရားကမ်းခြေသို့ကားဖြင့် သွားရောက်လည်ပတ်ပါမည်။ ကမ်းခြေရှိ ALCAZA SHOW များကြည့်ရင်း အမှတ်တရ ဓာတ် ပုံများ ရိုက်ကူးကြပါမည်။ ညနေစာအား ထိုင်းရိုးရာ စားသောက်ဆိုင်တွင်ဧည့် ခံပြီး ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာစားသုံးပြီးနောက် Coral Island ဟုခေါ်သော သဲဖြူကျွန်းသို့ Speed Boat ဖြင့် သွားရောက် ကြပါမည်။ Water Activities များဖစ်သော ရေကူးခြင်း၊ လေထီးစီးခြင်း၊ လျှပ်ပြေးယာဉ်စီး ခြင်း၊ လှေစီးခြင်း အစရှိသည့် ရေပေါ်ကစား နည်းများစွာကို လွတ်လပ် ပျော်ရွှင်စွာ ကစား နိုင်ကြပါ သည်။ နေ့လည်စာကို ကမ်းခြေရှိ Local စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ပတ္တရား သို့ပြန်လည် ထွက်ခွာ ပါမည်။ ပတ္တရားမြို့ရှိကမ္ဘာ့အကြီးဆုံးကျောက်မျက်ရတနာပြခန်း သို့ လည်း သွားရောက် လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်တွင်ခေတ္တ ပြန်လည် အနားယူပြီး ညစာသုံးဆောင်ကြပါမည်။ ညပိုင်း တွင် Walking Street သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဟိုတယ် သို့ ပြန်လည်ပို့ဆောင်ပေးပြီးအေးချမ်းစွာ အိပ်စက်အနားယူ ကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး နောက်ဘန်ကောက်မြို့ သို့ပြန်လည် ထွက်ခွာလာပါမည်။ ထို့နောက် ဘန်ကောက်မြို့၏ နာမည်ကြီး Shopping Mall တစ်ခုဖြစ်သော MBK Shopping Mall သို့ စိတ်တိုင်းကျဈေးဝယ်နိုင်ရန် ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးမြို့ ထဲရှိ Platinum Shopping Mall , Big C Shopping Mall , Fashion Island များကိုလည်းဈေးဝယ်ရန်ပို့ဆောင် ပေးပါမည်။

Day 5

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တစ်ခေတ်တစ်ခါက ထိုင်းနိုင်ငံ ၏ မြို့တော်ဟောင်းဖြစ်ခဲ့ သည့် အယုဒ္ဒယမြို့တော် ဟောင်း သို့
ထိုင်းနိုင်ငံ၏ ယဉ်ကျေးကျေးမှုရိုးရာ ဓလေ့များကိုသွားရောက် လေ့လာ ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့သို့ပြန်လည်
ထွက်ခွာလာပါမည်။ ထို့နောက် ညနေစာဖြင့်ဧည့်ခံပြီး ဟိုတယ် တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day 6

မနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့ သို့ဈေးဝယ်ရန် ပို့ဆောင်ပေးပါမည်။ ထို့နောက် နေ့လည်စာ ဖြင့်ဧည့်ခံပြီး နောက် အိမ်ပြန်ခရီးအတွက်ဘန်ကောက် လေဆိပ် သို့ပို့ ဆောင်ပေး ပါမည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကာ ခရီးစဉ် အားပျော်ရွင်စွာ အဆုံးသတ်ပါမည်။