Bangkok - Pattya

Tour Code

GWM1507OT008

Tour Duration

5 DAYS – 4 NIGHTS

Tour Type

Outbound Tours

Tour Detail

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပါမည်။ ဘန်ကောက် မြို့တွင်ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ နွေးထွေးစွာကြိုဆိုပြီး ပတ္တရာ ကမ်းခြေသို့ ဆက်လက် ထွက်ခွာပါမည်။ လမ်းတွင်Nong Nooch Garden သို့ဝင်ရောက်လည်ပတ်ရင်း နေ့လည်စာသုံး ဆောင်ကြပါ မည်။ ညပိုင်းတွင်ပတ္တရားရှိ Alcaza Show (Lady Boy)ကို ကြည့်ရှု့ရင်း အပန်းဖြေကြပါမည်။ ညစာအား ထိုင်းရိုးရာစား သောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ထို့နောက်ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အေးချမ်းစွာအိပ်စက်အနားယူကြမည်။

Day 2

ဟိုတယ်တွင် နံနက်စာစားသုံးပြီးနောက် Coral Island ဟု ခေါ်သော သဲဖြူကျွန်းသို့ Speed Boat ဖြင့် သွားရောက်ကြပါမည်။ Water Activities များ ဖြစ်သော ရေကူးခြင်း၊ လေထီးစီးခြင်း၊ လျှပ်ပြေး ယာဉ်စီးခြင်း၊ လှေစီးခြင်း အစရှိသည့် ရေပေါ်ကစား နည်းများစွာကို လွတ်လပ်ပျော်ရွှင်စွာ ကစား နိုင်ကြပါ သည်။ နေ့လည်စာကို ကမ်းခြေရှိ Local စားသောက်ဆိုင်တွင်သုံး ဆောင်ပြီး ပတ္တရားသို့ပြန်လည်ထွက်ခွာပါမည်။ ပတ္တရားမြို့ရှိ ကမ္ဘာ့အကြီးဆုံးကျောက်မျက်ရတနာပြခန်းသို့လည်း သွားရောက် လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်တွင် ခေတ္တပြန်လည် အနားယူပြီး ညစာသုံးဆောင်ကြပါမည်။ ညပိုင်းတွင် Walking Streetသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးအေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘန် ကောက်မြို့သို့ ပြန်လည်ထွက်ခွာပြီး ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ် သော Emerald Buddah ခေါ် မြဘုရားအား သွားရောက်ဖူးမျှော်ပါ မည်။ လှ ပခံ့ညားပြီး အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေး မှု ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော ထိုင်းဘုရင့်နန်း တော်သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူး နိုင်ပါသည်။ ထို့နောက် Safari Worldသို့ သွားရောက်ကြပါမည်။ Safari Worldတွင် နေ့လည်စာသုံးဆောင်ပြီး သဘာဝ အတိုင်းမွေး မြူထားသော တိရိစ္ဆာန်များကို လေ့လာပြီး အစာကျွေးနိုင်ပါသည်။ Safari World အတွင်းရှိ Show ပွဲများကိုကြည့်ရှုကြပြီး Egg World အတွင်းသို့ဝင်ရောက်လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်သို့ပို့ ဆောင်ပေးပြီး တစ်နေ့တာပင်ပန်းမှုများကို အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘန်ကောက်မြို့ ၏ နာမည်ကျော်ကစားကွင်းတစ်ခုဖြစ်သော Dream Worldသို့ သွားရောက်ပျော်ရွှင်စွာ ဆော့ကစားရင်း အပန်းဖြေကြပါမည်။ Dream World တွင် Roller Coaster စီးခြင်း၊ Hanging Coaster စီးခြင်း၊ ရင်ခုန်ဖွယ်သရဲအိမ်၊ ပြိုင်ကားမောင်းခြင်း၊ အစရှိသည့် ကစားနည်းများကို စိတ်တိုင်းကျလွတ်လပ်ပျော်ရွှင်စွာ ကစားနိုင်ပါ သည်။ နေ့လည်စာကို Dream Worldရှိ စားသောက်ဆိုင်တွင် Buffet စားသောက်ကြပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Stunt Show ကြည့်ခြင်း၊ Snow Town နှင်းမြို့တော် သို့ဝင်ရောက် ပြီး နှင်းလျှောစီးခြင်းအစရှိသည်တို့ကို ထပ်မံပျော်ရွှင်စွာဆင်နွှဲကြပါ မည်။ ထို့နောက် ညစာကိုထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံး ဆောင်မည်ဖြစ်ပါသည်။ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ပြီး အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 5

Day - 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး နာမည်ကျော် ဈေးဝယ်စင် တာဖြစ်သော MBK နှင့် Platinum Shopping Centerသို့ ပို့ဆောင် ပေးမည်ဖြစ်ပါသည်။ မိမိတို့စိတ်ကြိုက်ဈေးဝယ်ပြီးနောက် သတ် မှတ်ထားသောနေရာတွင် အချိန်မီပြန်လည်လူစုပြီးလျှင် အိမ်အပြန် ခရီးအတွက် ဘန်ကောက်လေဆိပ်သို့ သွားကြပါမည်။ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကာ ခရီးစဉ်အား အောင်မြင် ပျော်ရွှင်စွာ အဆုံးသတ်မည်ဖြစ်ပါသည်။

About Tour

  • Service Included
  • Services Excluded
  • Term and Condition
  • နံနက်စာပါဝင်သော တည်းခိုခန်းခ (၂ယောက်ခန်း)
  • နေ့လည်စာ
  • ညစာ
  • Guide
  • ၀င်ကြေးအားလုံး
  • ဟိုတယ် Mini Bar အတွင်းမှ ရေသန့် နှင့် အခြားစားသောက်စရာများအတွက်စရိတ် များ
  • မိမိ Personal အသုံးစရိတ်များ
  • ခရီးစဉ်တွင်မပါဝင်သော ထပ်မံသွား ရောက်လိုသော Optional Tours အတွက်ကုန်ကျ စ ရိတ်များနှင့် ၀င်ကြေးများ
  • ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေနေပေါ်မူတည်ပြီး ခရီးစဉ်အစီ အစဉ်များနှင့် ဟိုတယ်၊ စားသောက်ဆိုင်နေရာများလည်း အပြောင်းအလဲအနည်းငယ် ရှိနိုင်ပါသည်။
  • ခရီးသွားနေစဉ်အတွင်း ဧည့်သည်မှ မိမိဆန္ဒဖြင့် ခရီးစဉ်တွင်ပါဝင်မှု ရပ်ဆိုင်းခြင်း၊ နှုတ် ထွက်ခြင်းများပြုလုပ်ပါက ကုန်ကျစရိတ်များကို ကုမ္မဏီမှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။