Bangkok - Pattya

Tour Duration

4 DAYS – 3 NIGHTS

Tour Type

Outbound Tours

Tour Detail

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပါမည်။ ဘန်ကောက် မြို့တွင်ဒေသဆိုင်ရာဧည့်လမ်းညွှန်မှ နွေးထွေးစွာကြိုဆိုပြီး ပတ္တရာ ကမ်းခြေသို့ ဆက်လက်ထွက်ခွာပါမည်။ လမ်းတွင်Nong Nooch Garden သို့ဝင်ရောက်လည်ပတ်ရင်း နေ့လည်စာသုံး ဆောင်ကြပါ မည်။ ညပိုင်းတွင်ပတ္တရားရှိ Alcaza Show (Lady Boy)ကို ကြည့်ရှု့ရင်း အပန်းဖြေကြပါမည်။ ညစာအား ထိုင်းရိုးရာစား သောက်ဆိုင်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ထို့နောက်ဟိုတယ် သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး အေးချမ်းစွာအိပ်စက်အနားယူကြမည်။

Day 2

ဟိုတယ်တွင် နံနက်စာစားသုံးပြီးနောက် Coral Island ဟု ခေါ်သော သဲဖြူကျွန်းသို့ Speed Boatဖြင့် သွားရောက်ကြပါမည်။ Water Activities များ ဖြစ်သော ရေကူးခြင်း၊ လေထီးစီးခြင်း၊ လျှပ်ပြေး ယာဉ်စီးခြင်း၊ လှေစီးခြင်း အစရှိသည့် ရေပေါ်ကစား နည်းများစွာကို လွတ်လပ်ပျော်ရွှင်စွာ ကစား နိုင်ကြပါ သည်။ နေ့လည်စာကို ကမ်းခြေရှိ Local စားသောက်ဆိုင်တွင်သုံး ဆောင်ပြီး ပတ္တရားသို့ပြန်လည်ထွက်ခွာပါမည်။ ပတ္တရားမြို့ရှိ ကမ္ဘာ့အကြီးဆုံးကျောက်မျက်ရတနာပြခန်းသို့လည်း သွားရောက် လေ့လာကြပါမည်။ ထို့နောက် ဟိုတယ်တွင် ခေတ္တပြန်လည် အနားယူပြီး ညစာသုံးဆောင်ကြပါမည်။ ညပိုင်းတွင် Walking Streetသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက်ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပြီးအေးချမ်းစွာ အိပ်စက်အနားယူကြပါမည်။

Day 3

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ဘန် ကောက်မြို့သို့ ပြန်လည်ထွက်ခွာပြီး ထိုင်းနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ် သော Emerald Buddah ခေါ် မြဘုရားအား သွားရောက်ဖူးမျှော်ပါ မည်။ လှပခံ့ညားပြီး အနောက်တိုင်းနှင့် အရှေ့တိုင်းယဉ်ကျေး မှု ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသော ထိုင်းဘုရင့်နန်း တော်သို့သွားရောက်လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံများရိုက်ကူး နိုင်ပါသည်။ ထို့နောက် Safari World ( သို့ ) Dream World သွား ရောက်လည်ပတ်ကြပါမည်။ နေ့လည်စာဖြင့် ဧည့်ခံပြီးနောက်
Mada Too Saw ဟုခေါ်သော ဖယောင်းပြတိုက် နှင့်ဘန်ကောက် မြို့၏ နာမည်ကြီး Shopping Center တစ်ခုဖြစ်သော MBK Shopping Center သို့သွားရောက် လည်ပတ်ကြပါမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး အိမ်အပြန် ခရီးအတွက် ဘန် ကောက်လေဆိပ်သို့ သွားကြပါမည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကာခရီးစဉ်အား အောင်မြင် ပျော်ရွှင်စွာ အဆုံး သတ်မည်ဖြစ်ပါသည်။