Alaung Daw Kathapha

Sagaing-Monywa(Alaung Daw Kathapha)-Mandalay-Pyin Oo Lwin

Tour Code

GWM1507DO01

Tour Duration

6 Days / 5 Nights

Tour Type

Hot Deal Tours,Inbound Tours

Tour Detail

Day 1

ရန်ကုန်မြို့စုရပ်မှ ည(၆း၀၀)နာရီတွင် ကားစတင်ထွက်ခွာပါမည်။  ၁၁၅မိုင်ရှိ Feel စားသောက်ဆိုင်တွင် လ္ဘက်ရည်သောက် ခေတ္တရပ်နားမည်။ စစ်ကိုင်းသို့ခရီးဆက်မည်။

Day 2

နံနက်စောတွင် စစ်ကိုင်းသို့ရောက်ရှိပြီး နံနက်စာသုံးဆောင်မည်။ ဥမင်ကိုးဆယ်ဘုရား၊ ဆွမ်းဦးပုညရှင်ဘုရား၊ ကောင်းမှုတော်ဘုရာတို့ကို ဖူးမြော်ကြမည်။ ထိုနောက် မုံရွာသို့ခရီးဆက်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မုံရွာမြို့ရှိ ဟိုတယ်တွင် Check-In၀င်ပြီး အနားယူမည်။ ညနေပိုင်းတွင် ဗောတိတစ်ထောင်ရုပ်ပွားတော်မြတ်ကြီးနှင့် မိုးညှင်းသမ္ဗုဒ္ဓေဘုရားတို့ကို ဖူးမြော်ကြမည်။ ညစာဖြင့်ဧည့်ခံပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူမည်။

Day 3

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ရှင်မဟာကဿ      ပရုပ်ပွားတော်မြတ်၏လိုဏ်ဂူတော်သို့ သွားရောက်ဖူးမြော်ကြမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မုံရွာသို့ပြန်လည်ထွက်ခွာလာပါမည်။ ညနေပိုင်းတွင် မုံရွာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် အေးချမ်းစွာအိပ်စက်အနားယူမည်။

Day 4

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မန္တလေးသို့ပြန်လည်ထွက်ခွာလာပါမည်။ မန္တလေးတောင်၊ ရွှေကျောင်း၊ ကုသိုလ်တော်ဘုရားတို့ကို ဖူးမြော်ကြပြီးနေ့လည်စာသုံးဆောင်ပါမည်။ မန္တလေးမြို့ရှိ ဟိုတယ်တွင် CheckIn၀င်ပြီး ခေတ္တအနားယူမည်။ ညနေပိုင်းတွင် တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ လည်ပတ်မည်။ ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီး အေးချမ်းစွာအိပ်စက်အနားယူပါမည်။

Day 5

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ပြင်ဦးလွင်သို့ခရီးဆက်မည်။ မဟာအံ့ထူးကံသာဘုရားကြီး၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင်၊ မဟာနန္ဒမူလှိုဏ်ဂူတော်တို့ကို ပို့ဆောင်ပေးမည်။ ပြင်ဦးလွင်တွင် နေ့လည်စာသုံးဆောင်ပြီး တရုတ်ဘုံကျောင်းနှင့် အမျိုးသားကန်တော်ကြီးဥယျဉ်တို့ကိုလည်ပတ်မည်။ ဟိုတယ်တွင်ညစာသုံးဆောင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာပါမည်။

Day 6

နံနက်ပိုင်းတွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိပြီး ခရီးစဉ်ကိုအောင်မြင်ပျော်ရွှင်စွာဖြင့် အဆုံးသတ်ပါမည်။